Delivery free for over 10,000 Ks only Yangon region.

0

မိတ်နဲ့ယားယံခြင်းအတွက် မြန်မြန်ဆန်ဆန် ပျောက်ကင်းစေတဲ့ နည်းလမ်းများ

မေမေတို့ရေ

အခုဆို ရာသီဥတု အပြောင်းအလဲတွေကြောင့် ကလေးလေးတွေ မိတ်ဖုတွေပေါက်ပြီး ယားလာ၊ စပ်လာမယ်ဆိုရင် အမြန်ဆုံး ဘယ်လိုကုသပေးရမလဲ???

မိတ်ဖုလေးတွေဆိုတာ ပိတ်နေတဲ့ ချွေးပေါက်လေးတွေကနေ အရေပြားအောက်မှာ ချွေးဖုလေးတွေထွက်ပြီး ရောင်ရမ်းလာခြင်းဖြစ်ပါတယ်၊ အဲဒီ မိတ်ဖုလေးတွေကို လည်ပင်း၊ကျောကုန်း၊တံတောင်ရှေ့၊ချိုင်းကြားတွေ ပေါင်နဲ့ဒူးတွေ နားမှာတွေ့နိုင်ပါတယ်။

ကလေးတွေ မိတ်ဖုပေါက်ပြီး ယားလာစပ်လာပြီဆိုရင်

(၁) အရင်ဆုံး ကလေးကို အေးတဲ့နေရာမှာပဲနေခိုင်းပါ၊ နေပူပြင်ထွက်ဆော့တာမျိုးတွေ မလုပ်ခိုင်းပါနဲ့၊

(၂) ရေနွေးနွေးလေးနဲ့ရေချိုးပေးပါ၊

(၃) ဆပ်ပြာမတိုက်ပေးပါနဲ့၊

(၄) တဘက်နဲ့ မသုတ်ပေးပဲ လေဖြင့်အခြောက်ခံပေးပါ၊

(၅) ကလေးကို အေးစေမယ့် သနပ်ခါးရည်ကျဲကျဲ ဒါမုမဟုတ် အရည်ကျဲတဲ့ Baby Lotion

လေးတွေ လူးပေးလို့ရပါတယ်၊

(၆) လေဝင်လေထွက်ကောင်းတဲ့ ပေါ့ပေါ့ပါးပါး ချည်ထည်လေးတွေပဲ ဝတ်ဆင်ပေးပါရှင့်၊

ဒါဆို ကလေးတွေ မိတ်ဖုလေးတွေသက်သာပြီး မြန်မြန်ဆန်ဆန်နဲ့ ပျောက်ကင်းစေပါတယ်။????????????

ရာသီဥတုက ပူပြင်းလှတာမို့ ကလေးတွေရဲ့ ကျန်းမာရေးကို အထူးဂရုစိုက်ပေးဖို့ တိုက်တွန်းပေးလိုက်ပါတယ်ရှင့်။

အဆီတွေထုတ်ထားတဲ့ PEP Low Fat
ဝိတ်လျှော့နေတဲ့သူတွေနဲ့ အဆီရှောင် diet လုပ်နေတဲ့သူတွေအတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နို့မှုန့်က ဘာများဖြစ်မလဲ ...
အယ်လ်ဇိုင်းမား ရောဂါအကြောင်း သိကောင်းစရာ
PEP Omega 3+ မှာပါဝင်တဲ့ DHA, EPA ဓာတ်တွေပါဝင်တာမို့ တစ်နေ့တစ်ခွက် ပုံမှန်သောက်သုံးပေးမယ်ဆိုရင် အယ်ဇိုင်းမားရောဂါကို ကြိ...
Leave a comment

Please login or register to review