ကျပ်(၁၀၀၀၀)ဖိုးနှင့်အထက် ဝယ်ယူပါက ရန်ကုန်မြို့တွင်း ပို့ဆောင်ခ အခမဲ့ဖြင့် ပို့ဆောင်ပေးပါသည်။

0

Calcium အကြောင်း သိကောင်းစရာ


မေမေတို့ရေ...

ဒီနေ့မှာတော့ မင်မင်က နွားနို့မှာပါဝင်တဲ့ ကယ်ဆီယမ်ရဲ့ ကောင်းကျိုး၊ဆိုးကျိုးလေးတွေကိုပြောပြပေးမယ်နော်။


ကယ်ဆီယမ်ကို နေ့စဉ်သောက်သုံးပါက

(၁)အရိုးအဆစ်သန်မာခြင်း

(၂) မိမိတို့ရဲ့သွားများကိုကျန်းမာစေခြင်း၊

(၃) နှလုံး၊ကြွက်သား၊သွေးကြောများကို သင့်တင့်လျောက်ပတ်စွာ လုပ်ဆောင်နိုင်ဖို့အတွက်ကူညီပေးပါတယ်ရှင်။


ကယ်ဆီယမ်ကို နေ့စဉ်သောက်သုံးသင့်တဲ့ပမာဏ ကတော့

➡️ အရွယ်ရောက်ပြီးသား အမျိုးသား (၁၉ နှစ် မှ ၇၀ နှစ်) တွေအတွက် ဆိုရင် တစ်ရက်ကို ၁၀၀၀ mg နဲ့ အသက် ၇၁ နှစ် အထက်ဆိုရင် တော့ ၁၂၀၀ mg ၊

➡️ အရွယ်ရောက်ပြီး အမျိုးသမီး (၁၉ နှစ် မှ ၅၀ နှစ်) အတွက် ၁၀၀၀ mg နဲ့ အသက် ၅၁ နှစ် အထက် ကတော့ ၁၂၀၀ mg သာသောက်သုံးသင့်ပါတယ်ရှင်။


တန်ဆေးလွန်ဘေးဆိုတဲ့စကားကို မေမေတို့လည်းကြားဖူးမှာပေါ့နော်။

အရိုးအဆစ် သန်မာချင်လို့ဆိုပြီးတော့ ကယ်ဆီယမ်ကို ပုံမှန်ထက်ပိုသောက်တဲ့အခါ

- အရိုးအဆစ်၊ ကြွက်သားနာကျင်ခြင်း၊

- ကျောက်ကပ် တွင် ကျောက်တည်ခြင်း၊

- ဝမ်းချုပ်ခြင်း၊

- နှလုံးခုန်မမှန်ခြင်း၊

 - ခေါင်းကိုက်ခြင်း အစရှိသင့်ရောဂါများကိုလည်း ဖြစ်စေနိုင်ပါတယ်ရှင်။

ဒါကြောင့်မေမေတို့အနေနဲ့ မိသားစုအတွက် Calcium ပါဝင်တဲ့ အစားအစာများကို တိုက်ကျွေးခြင်းက ကောင်းမွန်သလို ပုံမှန်တိုက်ကျွေးသင့်တဲ့ပမာဏ ထက် မပိုအောင်လည်းသတိထားသင့်ကြောင်း ပြောပြပေးလိုက်တယ်နော်။


ညအိပ်မပျော်ခြင်းအကြောင်း သိကောင်းစရာ
ညဘက်အိပ်မပျော်ရတာတွေ ကြုံနေရပြီလား? ညဘက်၊ညဘက်တွေမှာ အိပ်မပျော်တာမျိုး လူအနည်း၊အများ ခံစားကြုံတွေ့ဖူးမှာပါ။...
အနီရောင်အထုပ်လေးနဲ့ PEP Omega3
အနီရောင်အထုပ်လေးနဲ့ PEP Omega3 ကို နေ့စဉ်သောက်သုံးပေးမယ်ဆိုရင် အရေပြား၊ဆံပင်နှင့် ကြွက်သားပျက်စီးမှုမှ ကာကွယ်ပေးခြင်း စတ...
Leave a comment

Please login or register to review