Delivery free for over 10,000 Ks only Yangon region.

0

သားသား၊မီးမီးလေးတွေ အရပ်ရှည်လာစေဖို့


မေမေတို့ရေ...

ဒီနေ့မှာတော့  မေမေတို့ရဲ့သားသား၊မီးမီးလေးတွေအရပ်ရှည်လာစေဖို့ အိမ်မှာပဲ အလွယ်တကူ ပြုလုပ်လို့ရတဲ့လေ့ကျင့်ခန်း (၃)ခုကို ပြောပြပေးမယ်နော်။


➡️ ခန္ဒာကိုယ်ကို ဆွဲဆန့်ပါ။

သားသား၊မီးမီးတွေကို မေမေတို့အိမ်ကနံရံမှာ ပဲ ကျောကပ်ထားကာ ခါးကိုမတ်မတ်ထားပြီး လက်နှစ်ဖက်ကိုမြင့်နိုင်သမျှမြင့်အောင်ထားခိုင်းပါ။ ဒီလိုပြုလုပ်ခြင်းဖြင့် သားသား၊မီးမီးတို့ရဲ့ခန္ဒာကိုယ်က အကြောတွေကိုဆွဲဆန့်ကာအရပ်ရှည်လာစေပါတယ်။


➡️ ကြိုးခုန်ပါ

ကြိုးခုန်ခြင်းကသားသား၊မီးမီးတွေရဲ့အရပ်ရှည်ခြင်းကိုသာမက ကိုယ်လက်လှုပ်ရှား အားကစားလည်း ဖြစ်တာမို့ ပုံမှန် ပြုလုပ်မယ်ဆိုရင် ခန္ဒာကိုယ်ကအကြောတွေကို ဆွဲဆန့်စေပြီး အရပ်ရှည်ဖို့အတွက်အထောက်အကူဖြစ်စေပါတယ်။


➡️ ဘားခိုပါ။

ဘားခိုဖို့အတွက် သားသား၊မီးမီးတို့အနေနဲ့ အိမ်မှာရှိတဲ့ ထုပ်တန်းတွေကို အလွယ်တကူ အသုံးပြုနိုင်ပါတယ်။ ဘားခိုတာကလည်း ခန္ဓာကိုယ် အရပ်ရှည်စေဖို့အတွက် ကောင်းမွန်တဲ့ လေ့ကျင့်ခန်းတစ်ခုပါ။


ကဲ… အခုလို လေ့ကျင့်ခန်းလည်း ပုံမှန်လုပ်မယ်။

နွားနို့လည်း သောက်ပေးမယ်ဆိုရင် မေမေတို့ရဲ့ အိမ်က သားသား၊မီးမီးလေးတွေ အရပ်ရှည်ပြီး ကျန်းမာကြံ့ခိုင်တဲ့ ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်နိုင်ပြီပေါ့။

အနီရောင်အထုပ်လေးနဲ့ PEP Omega3
အနီရောင်အထုပ်လေးနဲ့ PEP Omega3 ကို နေ့စဉ်သောက်သုံးပေးမယ်ဆိုရင် အရေပြား၊ဆံပင်နှင့် ကြွက်သားပျက်စီးမှုမှ ကာကွယ်ပေးခြင်း စတ...
ကောင်းကျိုးများများရဖို့ နွားနို့သောက်ကြစို့
နွားနို့ကပေးတဲ့ အကျိုးကျေးဇူးများ...
Leave a comment

Please login or register to review