ကျောင်းပိတ်ရက်လေးမှာ အိမ်မှာပဲ သားသား၊မီးမီးတွေအတွက်လွယ်လွယ်ကူကူနဲ့လုပ်စားလို့ရမယ့် နို့ပူတင်းလုပ်နည်းလေးကိုပြောပြပေးမယ်နော်။
နို့ပူတင်းလုပ်ရာမှာပါဝင်တဲ့ပစ္စည်းတွေကတော့
- နို့မှုန့် – ၈ စားပွဲတင်ဇွန်း
- သကြား – ၅ စားပွဲတင်ဇွန်း
- ရေ – ၁ ခွက်
- ကြက်ဥ – ၄လုံး
- စေးနေအောင်ကျိုထားသောသကြားရည် – ၃ ဇွန်း စားပွဲတင်ဇွန်း
- Vanilla ရည် – ၁ လက်ဖက်ရည်ဇွန်း
- အရင်ဆုံး သကြား(၃)ဇွန်းကို ရေအနည်းငယ်ထည့်ပြီး သကြားအရည်ဖြစ်သွားတဲ့အထိ ကျိုပေးပါ။
- သကြားရည်ရလာရင် ပူတင်းပြုလုပ်မဲ့ပုံစံခွက်ထဲသို့ အောက်ခြေနှံနေအောင်လောင်းထည့်ပါ။
- ပြီးရင် နို့မှုန့် (၈)ဇွန်းရယ် သကြား (၅)ဇွန်းရယ် ကို ရေ (၁)ခွက်ထည့်ပြီး မွှေပေးပါ။
- ကြက်ဥ (၄)လုံးကိုလည်း သေချာခေါက်ပြီးနောက် vanilla ရည် တစ်ဇွန်းထည့်ကာ နှစ်မျိုးလုံးကို နှံ့နေအောင်မွှေပေးပါ။
- ရလာပြီဆိုရင် သကြားရည်ထည့်ထားတဲ့ပုံစံခွက်ထဲကိုထည့်ပြီး Oven နဲ့ဖြစ်စေ ဒယ်အိုးထဲရေထဲပြီးနောက် ပုံစံခွက်ထည့်ကာဖြစ်စေ မိနစ် (၃၀)ခန့်ပေါင်းခံပေးပါ။
- မိနစ်(၃၀)ပြည့်ပြီဆိုရင်တော့ ပူတင်းကိုတင်း ၊မတင်းသိရအောင်သွားကြားထိုးတံနဲ့ထိုးပြီးစမ်းကြည့်ကြည့်ပါ။
ပူတင်း တင်းသွားပြီဆိုရင်တော့ မေမေတို့ရဲ့နို့ပူတင်းလေးကို မိသားစုနဲ့တူတူသုံးဆောင်လို့ရပါပြီနော်။