အရမ်းရိုးရှင်းပြီး ပိုက်ဆံလဲအများကြီးမကုန်ဘဲ ကူဖီလ်းမလိုင် အလွယ်တကူ ပြုလုပ်နိုင်တဲ့ နည်းလေးပါရှင့်
လိုအပ်တာတွေကတော့
- ပေါင်မုန့်
- PEP နို့ဆီ နဲ့
- PEP နို့စိမ်းဘူးလေးတွေ ပါပဲနော်
ပြုလုပ်ပုံနည်းလေးကတော့...
• အရင်ဆုံး ပေါင်မုန့်ကို ကိုယ်လိုသလောက် အစိတ်စိတ် အမွှာမွှာဖြစ်အောင် ချေပါ
• ပြီးရင် ကြိတ်စက် (Blender) ထဲကို PEP နို့ဆီ၊ PEP နို့စိမ်း အချိုလိုသလောက်လေး ထည့်ပြီး မွှေပါ
• မွှေထားပြီးသားကို ရေခဲသေတ္တာထဲ (၂)နာရီခန့် ထည့်ထားပြီးတာနဲ့ အရသာရှိပြီး ချိုမြိန်အေးမြတဲ့ ကူဖီးလေးကို သုံးဆောင်လို့ရပါပြီရှင့်
လွယ်လည်းလွယ် အရသာရှိတဲ့ ကူဖီးလေးကို PEP နို့ဆီ၊ နို့စိမ်းလေးနဲ့ အိမ်မှာမိသားစုနဲ့တူတူ လုပ်စားကြည့်လိုက်ရအောင်နော်