ကျပ်(၁၀၀၀၀)ဖိုးနှင့်အထက် ဝယ်ယူပါက ရန်ကုန်မြို့တွင်း ပို့ဆောင်ခ အခမဲ့ဖြင့် ပို့ဆောင်ပေးပါသည်။

0

ဖာလူဒါ အေးအေးလေး

အိမ်မှာ မိသားစုနဲ့

ဖာလူဒါအေးအေးလေးသောက်ကြရင် မကောင်းဘူးလား မေမေတို့ရေ..

အခုလို အားလပ်ရက်လေးမှာ မိသားစုနဲ့တူတူ ဖာလူဒါလေးသောက်ရင်း အပူဒဏ်ကို ကျော်လွှားနိင်အောင် ပြုလုပ်နည်းလေးကို ပြောပြပေးလိုက်ပါတယ်ရှင့်

ပထမဦးဆုံး

  • PEP နို့ဆီ - တစ်ဘူး၊
  • PEP နို့စိမ်း - တစ်ဘူး၊
  • သာကူစေ့ - (၁၀)ကျပ်သား၊
  • သာကူချောင်း(မျှော့ချောင်း) - (၁၀)ကျပ်သား၊
  • ကျောက်ကျော (၂၅)ဂရမ် - (၁)ထုပ်၊
  • သကြား - (၅၀)ကျပ်သားခန့်၊
  • မြေပဲလှော် - (၁၀)ကျပ်သားခန့်၊
  • စပျစ်ခြောက် - (၅)ကျပ်သား၊
  • ကျောက်ဖရုံယို - (၅)ကျပ်သား၊
  • Food Color၊ ဆား၊ ပေသီး၊ ပင်ပွား၊ ဆေးကုလာမ အနည်းငယ်စီ ဝယ်ထားပါရှင့်


ပြီးရင် ရေ (၁) လီတာခွဲလောက်ကို ဆူအောင်တည်ပါ။

သာကူစေ့ထည့်ပြီး သာကူမျက်စေ့ပျောက်သည်ထိ အဆက်မပြတ်မွှေပေးပါ။ 

ပြီးတာနဲ့ သာကူစေ့တွေကို ရေအေးဖြင့်ဆေးပြီး ဇကာနဲ့ရေစစ်ထားပါ။

Food color နဲ့အရောင်ဆိုးပါ။ သာကူချောင်းကိုလည်း

သာကူစေ့ပြုတ်တဲ့အတိုင်းပြုတ်ထားပါ။

ကျောက်ကျောကို ရေ(၁)လီတာလောက်ထည့်ကျိုပြီး

အသင့်လှီးဖြတ်ထားပါ။ 

PEP နို့ဆီးနို့စိမ်း၊ သကြား တို့ကို ရေအနည်းငယ်ဖျော်လိုက်တာနဲ့ ပါဝင်ပစ္စည်းတွေကိုထည့်ပြီး အရသာရှိတဲ့ ဖာလူဒါလေးကို သုံးဆောင်နိုင်ပြီနော်...

ရေခဲမုန့်နဲ့ ကြက်ဥပူတင်းကိုလည်းထည့်ပြီး စားလို့ရပါတယ်ရှင့်

ဒါဆို ဖာလူဒါ အေးအေးလေးရပါပြီနော်..

အိမ်မှာ ကူဖီးလ် လုပ်စားကြမယ်
အရမ်းရိုးရှင်းပြီး ပိုက်ဆံလဲအများကြီးမကုန်ဘဲ ကူဖီလ်းမလိုင် အလွယ်တကူ ပြုလုပ်နိုင်တဲ့ နည်းလေးပါရှင့်...
ရွှေရင်အေးလုပ်နည်း
သင်္ကြန်ပိတ်ရက်ဆိုတော့ မိသားစုကလည်းစုံနေတယ် နွေရာသီဆိုတော့ ရာသီဥတုကလည်း ပူနေတယ်လေ ဒီလိုချိန်မှာ အရသာရှိတဲ့ ရွှေရင်အေးလေး...
Leave a comment

Please login or register to review