ကျပ်(၁၀၀၀၀)ဖိုးနှင့်အထက် ဝယ်ယူပါက ရန်ကုန်မြို့တွင်း ပို့ဆောင်ခ အခမဲ့ဖြင့် ပို့ဆောင်ပေးပါသည်။

0

ရွှေရင်အေးလုပ်နည်း

မေမေတို့ရေ

သင်္ကြန်ပိတ်ရက်ဆိုတော့ မိသားစုကလည်းစုံနေတယ် နွေရာသီဆိုတော့ ရာသီဥတုကလည်း ပူနေတယ်လေ ဒီလိုချိန်မှာ အရသာရှိတဲ့ ရွှေရင်အေးလေး သောက်လိုက်ရရင် ကွက်တိပဲနော် ဒါကြောင့် ရွှေရင်အေးလုပ်နည်းလေးကို ပြောပြပေးလိုက်ပါတယ်


ဘာမှမလုပ်ခင်

  • PEP နို့စိမ်း ၁ဘူး
  • ကျိုထားပြီးသား သာကူ
  • မုန့်လက်ဆောင်းဖတ်
  • ကောက်ညှင်းပေါင်း
  • အုန်းနို့ကျောက်ကျော
  • သကြား
  • ရေခဲ
  • ဆားအနည်းငယ် စီတို့လိုအပ်ပါမယ်


ပြီးရင် အုန်းနို့ကျောက်ကျောလုပ်ဖို့အတွက် သကြား၊ PEP နို့စိမ်းဘူးတွေကို ရေနဲ့ရောကျိုပါ။

ပျစ်လာပြီဆိုရင် အအေးခံလိုက်ရုံပါပဲ မုန့်လက်ဆောင်းဖတ်အတွက်ကတော့ ဆန်မုန့်၊ ကော်မုန့်၊

ဆား၊ ဆွမ်းမွှေးရည် တွေကိုပြင်ဆင်ပါ။

ရေနွေးပူပူထဲမှာ ဆန်မုန့်၊ကော်မုန့်၊ဆား တွေကိုထည့်ပြီး

ပျစ်လာတဲ့အထိကြိုပေးရပါမယ်။

ဆွမ်းမွှေးရည်နဲ့ အရောင်ထည့်ပြီး ရေခဲရေထဲမှာ ဇကာလေးခံပြီးလောင်းထည့်လိုက်ရင် မုန့်လက်ဆောင်းဖတ်လေးရပါပြီ ။


နောက် PEP နို့စိမ်း ၁ ဘူးခွဲလောက်ကို ရေနဲ့ ဖျော်ပြီး နို့စိမ်းရည်လုပ်ပါ

သကြားကိုလည်းရေနည်းနည်းလေးနဲ့ ပျော်ရုံလေးအပူပေးပါ

ဒါတွေအားလုံးရပြီဆိုရင်တော့ မုန့်လက်ဆောင်းဖတ်၊ ကောက်ညှင်း၊

ကျောက်ကျော၊ သာကူ၊ ရေခဲလေးထည့် သကြားရည်၊ PEPနို့စိမ်းရည်လေးစမ်းပြီး အရသာရှိတဲ့ ရွှေရင်အေးလေးကို သုံးဆောင်လို့ရပါပြီနော်...


ဖာလူဒါ အေးအေးလေး
အားလပ်ရက်လေးမှာ မိသားစုနဲ့တူတူ ဖာလူဒါလေးသောက်ရင်း အပူဒဏ်ကို ကျော်လွှားနိင်အောင် ပြုလုပ်နည်းလေးကို ပြောပြပေးလိုက်ပါတယ်ရှင...
Leave a comment

Please login or register to review