ကျပ်(၁၀၀၀၀)ဖိုးနှင့်အထက် ဝယ်ယူပါက ရန်ကုန်မြို့တွင်း ပို့ဆောင်ခ အခမဲ့ဖြင့် ပို့ဆောင်ပေးပါသည်။

0

ကောင်းကျိုးများများရဖို့ နွားနို့သောက်ကြစို့

နွားနို့ကို “ဘယ်အချိန်မှာ သောက်ရင်တော့ အကောင်းဆုံးဖြစ်နိုင်တယ်” ဆိုပြီး တိတိပပ သတ်မှတ်ထားခြင်းမရှိပေမယ့် 

သောက်တဲ့အချိန်ပေါ်မူတည်ပြီး ရရှိလာတဲ့အကျိုးကျေးဇူးတွေကတော့ ကွဲပြားပါတယ်။


ဒါကြောင့် ဘယ်အချိန်မှာသောက်ရင် ဘယ်လိုအကျိုးကျေးဇူးတွေရမလဲဆိုတာ ဆက်လက်ဖတ်ကြည့်ပေးပါဦး။


ကလေးတွေအရပ်ရှည်ကြီးထွားဖို့အတွက်


ကလေးတွေ နွားနို့သောက်ဖို့အသင့်တော်ဆုံး အချိန်ကိုပြောပါဆို နံနက်ခင်းစောစောနဲ့ ညအိပ်ရာမဝင်ခင် အချိန်တွေပဲ ဖြစ်ပါတယ်။

နံနက်ခင်းစောစောမှာ သောက်တဲ့ နွားနို့ဟာ ကလေးတွေအတွက် လိုအပ်တဲ့ ကယ်လိုရီတွေ၊ အာဟာရဓါတ်တွေကို ဖြည့်စွမ်းပေးပါတယ်။

လိုအပ်တဲ့ အာဟာရဓါတ်ကို ရရှိတာကြောင့် ကလေးတွေဟာ တစ်နေ့တာလုံး စွမ်းအင်အပြည့်နဲ့ တက်ကြွနေမှာဖြစ်တဲ့အပြင် ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးရာမှာလည်း များစွာကူညီပေးပါတယ်။


အိပ်ရာမဝင်ခင် (၂) နာရီအလိုမှာ နွားနို့သောက်ပေးခြင်းက ကလေးတွေကို နှစ်ခြိုက်စွာအိပ်ပျော်စေပြီး၊ အိပ်နေစဉ်အတွင်းမှာလည်း ခန္ဓာကိုယ်က နွားနို့မှာပါဝင်တဲ့ Calcium ကိုစုပ်ယူပေးပါတယ်။

ဒါ့အပြင် နွားနို့မှာ သဘာဝအလျောက် ပါဝင်နေတဲ့ ပရိုတင်းဓါတ်ဟာ ကလေးတွေကြီးထွားဖွံ့ဖြိုးဖို့နဲ့ အရပ်ရှည်ဖို့အတွက် အကောင်းဆုံးပါ။



ညဘက်အိပ်ပျော်ဖို့အတွက်


နွားနို့မှာ သဘာဝအလျောက်ကြွယ်ဝစွာ ပါဝင်နေတဲ့ ပရိုတင်းဓါတ်ဟာ အိပ်ပျော်ရာမှာအထောက်အကူပြုတဲ့ ဟော်မုန်းတွေဖြစ်တဲ့ Serotonin နဲ့ Melatonin နှစ်မျိုးထွက်လာအောင် ဦးနှောက်ကို လှုံ့ဆော်ပေးရာမှာ များစွာအထောက်အကူပြုပါတယ်။

သို့ဖြစ်လို့ ညအိပ်ရာမဝင်ခင် (၂) နာရီအလိုမှာ နွားနို့သောက်ပေးပါက တစ်ညတာလုံး နှစ်ခြိုက်စွာ အိပ်ပျော်စေနိုင်မှာပါ။


အရိုးတွေသန်စွမ်းဖို့အတွက်


နွားနို့မှာ ကယ်လ်ဆီယမ်ဓါတ်ကြွယ်ဝစွာပါဝင်တဲ့အတွက်  သင့်ရဲ့ နံနက်စာနဲ့ တွဲဖက်မှီဝဲတဲ့အခါ အရိုးတွေကို ပိုမိုကျန်းမာသန်စွမ်းလာစေပါတယ်။

ဒါ့အပြင် သင့်ကလေးတွေရဲ့ နံနက်စာထဲ နွားနို့တိုက်ကျွေးပါက ကလေးတွေရဲ့ အရိုးအဆစ်တွေကို ပိုမိုကြံ့ခိုင်စေပြီး သွားကျန်းမာရေးကိုပါ များစွာအထောက်အကူပြုပါတယ်။


ဒါကြောင့်လူတိုင်းဟာ သက်စောင့်ဓါတ် (Calcium) ကြွယ်ဝစွာပါဝင်တဲ့ နွားနို့ကို နေ့စဉ်ပုံမှန်သောက်ပေးဖို့ လိုအပ်ပါတယ်။

အပေါ်ကဖော်ပြပေးခဲ့တဲ့အချက်လေးတွေကိုဖတ်ပြီး ကိုယ်ဘယ်အချိန်နွားနို့သောက်ရင် ဘယ်လိုအကျိုးကျေးဇူးတွေရမလဲ သိလောက်ပြီထင်ပါတယ်။


သားသား၊မီးမီးလေးတွေ အရပ်ရှည်လာစေဖို့
မေမေတို့ရဲ့သားသား၊မီးမီးလေးတွေအရပ်ရှည်လာစေဖို့ အိမ်မှာပဲ အလွယ်တကူ ပြုလုပ်လို့ရတဲ့လေ့ကျင့်ခန်း (၃)ခုကို ပြောပြပေးမယ်နော်။...
Teeth Health By Drinking Milk: သွားကျန်းမာဖို့ နွားနို့သောက်စို့
နွားနို့နဲ့ သွားကျန်းမာရေးအကြောင်းပြောပြပေးမယ်နော်...
Leave a comment

Please login or register to review