ကျပ်(၁၀၀၀၀)ဖိုးနှင့်အထက် ဝယ်ယူပါက ရန်ကုန်မြို့တွင်း ပို့ဆောင်ခ အခမဲ့ဖြင့် ပို့ဆောင်ပေးပါသည်။

0

Teeth Health By Drinking Milk: သွားကျန်းမာဖို့ နွားနို့သောက်စို့

 နွားနို့ကို အရိုးအဆစ်တွေကြံ့ခိုင်ဖို့၊ အရပ်ရှည်ကြီးထွားဖို့ အပြင် သွားကျန်းမာရေးအတွက်ပါ သောက်သုံးနိုင်ပါတယ်။

 သုတေသီတွအဆိုအရ နွားနို့နဲ့ သွားကျန်းမာရေးက လိုက်ဖက်တဲ့အတွဲလို့ဆိုပါတယ်။  

ဘာကြောင့်လဲဆိုတာ ဆက်လက်ဖတ်ကြည့်ကြရအောင်နော်။ 


 (၁) ပရိုတင်းဓါတ် 

 နွားနို့မှာ ပရိုတင်းဓါတ် ကြွယ်ဝစွာပါဝင်ပါတယ်။ ၎င်း ပရိုတင်းဓါတ်ဟာ သင့်သွားရဲ့မျက်နှာပြင် အလွှာကိုအားဖြည့်ပေးပါတယ်။ ဒါ့အပြင် သွားအပြင်ဘက်မှာရှိတဲ့ သာမန်မျက်လုံးနဲ့ မြင်နိုင်တဲ့ သွားပိုးပေါက်လေးတွေ မဖြစ်အောင်လည်း ပြုလုပ်ပေးနိုင်စွမ်းရှိပါတယ်။


  (၂) ကယ်လ်ဆီယမ်ဓါတ် 

 နွားနို့မှာ ပါဝင်တဲ့ ကယ်လ်ဆီယမ်ဓါတ်ဟာ သင့်သွားတွေပျက်စီးခြင်းမှ ကာကွယ်ပေးပါတယ်။ သင့်သွားကြားထဲက စားကြွင်းစားကျန် တွေမှာပါဝင်တဲ့ အက်ဆစ်ဓါတ်ဟာ သင့်သွားတွေကိုဖျက်စီးတဲ့အခါ ကယ်လ်ဆီယမ်ဓါတ်က ကာကွယ်ပေးပါတယ်။  


(၃) Saliva (တံတွေး) ထုတ်လုပ်ပေးခြင်း  

တံတွေးဟာလည်း သင့်သွားတွေကို ကြံ့ခိုင်ဖို့နဲ့ ကျန်းမာဖို့ကာကွယ်ပေးတာကြောင့် သွားကျန်းမာရေးအတွက်အရေးကြီးပါတယ်။ နွားနို့က တံတွေးထုတ်လုပ်မှုကို ပံ့ပိုးပေးတာမို့ သွားကျန်းမာရေးအတွက် မရှိမဖြစ်ပါပဲ။ 


 “များများပြုံးနိုင်ဖို့ နွားနို့များများသောက်ကြစို့” နော်

ကောင်းကျိုးများများရဖို့ နွားနို့သောက်ကြစို့
နွားနို့ကပေးတဲ့ အကျိုးကျေးဇူးများ...
နွားနို့နဲ့နံနက်စာ
နေ့တစ်နေ့ကိုစတင်ရာမှာ စွမ်းအင်ပြည့်ဝနေဖို့ဆို နံနက်စာစားဖို့က အရေးကြီးပါတယ်။...
Leave a comment

Please login or register to review