ကျပ်(၁၀၀၀၀)ဖိုးနှင့်အထက် ဝယ်ယူပါက ရန်ကုန်မြို့တွင်း ပို့ဆောင်ခ အခမဲ့ဖြင့် ပို့ဆောင်ပေးပါသည်။

0

ကျွန်ုပ်တို့ အကြောင်း


PEP နို့ နှင့် နို့ထွက်ပစ္စည်းထုတ်ကုန်များကို မြန်မာ့ပြည်တွင်းဖြစ် Red Horse Dairy Industry Company  Limited မှ (၂၀၀၄) ခုနှစ်တွင် စတင်ထုတ်လုပ်ရောင်းချပြီး နယူးဇီလန်နိုင်ငံမှ ကမ္ဘာ့အကောင်းဆုံး နို့မှုန်ကုန်ကြမ်းများ၊ နောင်ချိုနို့စားနွားခြံမှ သန့်ရှင်းလတ်ဆတ်သော နို့ရည်များကို အသုံးပြုကာ အရည်အသွေးမြင့်မားပြီး အာဟာရပြည့်ဝသော နို့နှင့်နို့ထွက်ပစ္စည်းများကို ထုတ်လုပ်ဖြန့်ချိရောင်းချလျက်ရှိပါသည်

Red Horse Dairy Industry Company Limited ဟာ PEP အမှတ်တံဆိပ်ဖြင့် ကုန်ပစ္စည်းအမျိူးအစားပေါင်း (၂၀)ကျော်ကို ထုတ်လုပ်ဖြန်ချီလျှက်ရှိပြီး ဝန်ထမ်းပေါင်း တစ်ထောင်ကျော်ခန့်၊ ရုံးခွဲပေါင်း (၁၂) ရုံးဖြင့် လုပ်ငန်းလည်ပတ်ရှိပါသည်။

ဆယ်စုနှစ်ကျော်ကြာ ရပ်တည်နိုင်ခဲ့သည့် PEP တံဆိပ် နို့နှင့်နို့ထွက်ပစ္စည်းထုတ်ကုန်များကို နေ့စဥ်သောက်သုံးခြင်းဖြင့် ပိုမိုကျန်းမာသန်စွမ်းသော ဘဝအနာဂတ်ခရီးလမ်းများကို လှပစွာ တည်ဆောက်ကြပါစို့။

မိသားစုတိုင်းအတွက်ပက်(ပ်)