ကျပ်(၁၀၀၀၀)ဖိုးနှင့်အထက် ဝယ်ယူပါက ရန်ကုန်မြို့တွင်း ပို့ဆောင်ခ အခမဲ့ဖြင့် ပို့ဆောင်ပေးပါသည်။

0

နွားနို့နဲ့နံနက်စာ

နေ့တစ်နေ့ကိုစတင်ရာမှာ စွမ်းအင်ပြည့်ဝနေဖို့ဆို နံနက်စာစားဖို့က အရေးကြီးပါတယ်။


တစ်နေကုန် အလုပ်လုပ်နိုင်ဖို့၊ တွေးတောစဉ်းစားနိုင်ဖို့နဲ့ တက်ကြွစွာနေနိုင်ဖို့ဆို နံနက်စာစားခြင်းက များစွာ အထောက်အကူပေးပါတယ်။


ဒါပေမယ့် သင့်ရဲ့နံနက်စာဟာ အာဟာရပြည့်ဝနေဖို့တော့လိုတာပေါ့။ 


နွားနို့ကို သင့်နံနက်စာထဲမှာ ထည့်သွင်းစားသောက်ပေးတဲ့အခါ ဘယ်လိုအကျိုးကျေးဇူးတွေရမလဲ ဆက်လက်ဖတ်ကြည့်ရအောင်နော်။


(၁) အရိုးတွေပိုသန်လာမယ်


နေ့စဉ် နွားနို့ကို နံနက်စာအဖြစ်စားပေးပါက အရိုးတွေကို ပိုမိုကျန်းမာသန်စွမ်းလာစေပါတယ်။

ဘာလို့လဲဆိုတော့ နွားနို့မှာ ကယ်လ်ဆီယမ်ဓါတ် ကြွယ်ဝစွာပါဝင်လို့ပါပဲ။

သင့်ကလေးတွေရဲ့ နံနက်စာထဲ နွားနို့တိုက်ကျွေးပါက ကလေးတွေရဲ့ အရိုးအဆစ်တွေကို ပိုမိုကြံ့ခိုင်စေပြီး သွားကျန်းမာရေးကိုပါ များစွာအထောက်အကူပြုပါတယ်။


(၂) ကြွက်သားတွေသန်မာစေမယ်


နွားနို့မှာ ကယ်လ်ဆီယမ်အပြင် ပရိုတင်းဓါတ်လည်းကြွယ်ဝစွာပါဝင်ပါတယ်။

နို့တစ်ခွက်မှာတင် ပရိုတင်း (၈) ဂရမ်လောက်ပါဝင်တာမို့ အဲ့ဒီပမာဏဟာ ကြွက်သားတွေကိုကျန်းမာဖို့ များစွာအထောက်အကူပြုပါတယ်။


(၃) ဝိတ်ထိန်းရာမှာအထောက်အကူပြုတယ်


နွားနို့ဟာ ခန္ဓာကိုယ်ရဲ့ Metabolism (ဇီဝကမ္ဗ) လုပ်ဆောင်ချက်တွေကို မြှင့်တင်ပေးတဲ့အပြင် ကိုယ်စားလိုက်တဲ့ အစားအစာတွေက ကယ်လိုရီတွေကိုချေဖျက်ပေးပြီး စွမ်းအင်အဖြစ်ပြောင်းလဲပေးလို့ အဆာလည်းခံပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ် အတွက်လိုအပ်တဲ့ အာဟာရဓါတ်နဲ့ ဗီတာမင်တွေ ကြွယ်ဝစွာ ပါဝင်တာမို့  ဝိတ်မတတ်အောင် ဝိတ်ထိန်း‌နေသူများအတွက် အသင့်တော်ဆုံးပါပဲ။


ဒါ့အပြင် တစ်နေ့တာအတွက် လိုအပ်တဲ့ အာဟာရများစွာကို နွားနို့လေးတစ်ခွက်က ဖြည့်စည်းပေးနိုင်တာမို့ လူကြီး၊လူငယ်မရွေး နေ့စဉ် နွားနို့လေးတစ်ခွက် ပုံမှန်သောက်သင့်ပါတယ်။


ဒီအချက်ကလေး (၃) ချက်ကိုဖတ်ပြီးပြီဆိုရင်တော့ နံနက်စာပုံမှန်စားဖို့အရေးကြီးပုံနဲ့ နွားနို့ရဲ့ အရေးပါပုံကို သိလောက်ပြီ ထင်ပါတယ်။


Teeth Health By Drinking Milk: သွားကျန်းမာဖို့ နွားနို့သောက်စို့
နွားနို့နဲ့ သွားကျန်းမာရေးအကြောင်းပြောပြပေးမယ်နော်...
သဘာဝကရတဲ့ PEP နို့ဆီစစ်စစ်
နို့ဆီဆိုတာ အိမ်တိုင်း၊ ဆိုင်တိုင်း နဲ့မစိမ်းတဲ့ စားသောက်ကုန်လေးတစ်ခုပါ။...
Leave a comment

Please login or register to review